Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့သောင်းမြို့နယ် ၁၄ မိုင်ကျေးရွာ၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းဖွင့်


12 Aug,2025

ကော့သောင်းမြို့နယ် ၁၄ မိုင်ကျေးရွာ၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းဖွင့်

‎*********************************

‎ကော့သောင်း      ဩဂုတ်        ၁၂

‎‎တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနား ကို ဩဂုတ်လ ၁၁ ရက်က ကော့သောင်းမြို့နယ်၊ ၁၄ မိုင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎‎အခမ်းအနားတွင် ကော့သောင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက ကျေးလက်နေပြည်သူများ အလုပ်အကိုင်များရရှိရန်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်းနှင့် မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရှာဖွေပေးနိုင်သည်အထိ ကြိုးစားလေ့လာ သင်ယူကြစေလိုကြောင်း ဆွေးနွေးပြောကြား သည်။

‎‎ဆက်လက်၍ သင်တန်းနည်းပြဆရာမက သင်တန်းတွင် သင်ကြားပို့ချပေးမည့် သင်ခန်းစာများနှင့် သင်တန်းသူများ လိုက်နာရန် သင်တန်းစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

‎‎ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများထံ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

‎‎အဆိုပါသင်တန်းတွင် လူလူသုံးကုန်ပစ္စည်း အမျိုးအစား ၁၁ မျိုးပြုလုပ်နည်းများကို အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ကျွမ်းကျင်နည်းပြ ဆရာမများက ဩဂုတ် လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၅ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး ၁၄ မိုင်ကျေးရွာမှ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း ကော့သောင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်