Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်သားမြို့နယ်၌ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ကြည့်ရှုစစ်ဆေး


13 Aug,2025

မြစ်သား   ဩဂုတ်   ၁၃

မ‌န္တလေးတိုင်း‌ဒေသကြီး မြစ်သားမြို့နယ်၌ မိုးစပါးသီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက်  မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများသုံးစွဲမှု နည်းစနစ် များနှင့် အချိန်ကိုက်ရေရရှိ‌ရေး သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း တိုင်း‌ဒေသကြီးသမဝါယမဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးက ရွာသစ်ကျေးရွာ ရှိ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းသမဝါယမအသင်းပိုင် မိုးစပါးစိုက်ခင်းများအား ကွင်းဆင်း စစ်ဆေးစဉ် ပြောကြားသည်။

အဆိုပါကျေးရွာတွင် မိုးစပါးသီးနှံ ၂၂ ဒသမ ၀၇ ဧက  စိုက်ပျိုးထားရာ တိုင်း‌ဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမ အသင်းစုမှ တာဝန် ရှိသူများက ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အသင်းသားတောင်သူ များအတွက် လိုအပ်သည်များကို  ညှိနှိုင်း‌ဆောင်ရွက်‌ပေးခဲ့‌ကြောင်းသိရသည်။       

ဝါဝါမြင့် (မြစ်သား)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်