Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးညိုမြို့နယ်၌ သမဝါယမ မိုးစပါးစီမံကိန်းစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


13 Aug,2025

မိုးညို သြဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်ထူးမြင့်နှင့် အဖွဲ့သည် ညောင်ဝိုင်းကျေးရွာအုပ်စုအတွင်းရှိ "တက်လမ်း" စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမ အသင်းလီမိတက်မှ ဦးဝင်းမြင့်၏ အောင်နိုင်တိုးစပါးမျိုးဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

အဆိုပါ အောင်နိုင်တိုးစပါးမျိုးသည် အသက်ရက် ၁၂၀ ခန့်ရှိခြင်း၊ အနှံပါပင်ပွား - ၁၄၊ အရှည်(စင်တီမီတာ)- ၂၆ ဒသမ ၄၀၊ တစ်နှံပါသီးလုံး - ၁၈၀နှင့် တစ်နှံပါအောင်စေ့ - ၁၆၃ ရှိပြီး အောင်စေ့ရာခိုင်နူန်းမှာ(၉၀)ဖြစ်ကြောင်း၊ စပါးလုံးအုပ်စုမှာ ဧည့်မထအမျိုးအစားတွင် ပါဝင် ကြောင်း၊ ထူးခြားကောင်းမွန်သည့်လက္ခဏာများမှာ အသက်လျင်ခြင်း၊ အထွက်ကောင်းခြင်း၊ စားသုံးမှုကောင်းမွန်ခြင်း၊ ဆန်သားကြည်လင်ခြင်း၊ ဂုတ်ကျိုးရောဂါနှင့် ဖြုတ်ညိုပိုးဒဏ် အသင့်အတင့်ခံနိုင်ရည်ရှိခြင်းတို့အပြင် ဆည်ရေသောက်၊ မိုးရေသောက်ဒေသများတွင် စိုက်ပျိုး နိုင်ပြီး နွေရာသီ၊ မိုးရာသီနှင့် ရာသီအားလုံးတွင် စိုက်ပျိုးနိုင်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်