သနပ်ပင်မြို့နယ် တောဘုတ်စုကျေးရွာ ၌ VRFPစီမံကိန်း လုပ်ငန်းများ စစ်ဆေး
သနပ်ပင်၊ ဩဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကတောဘုတ်စုကျေးရွာ၌ VRFP (ကျေးရွာမတည်ရန်ပုံငွေ) စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ဩဂုတ်လ(၁၃)ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများကကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူတောဘုတ်စုကျေးရွာ၌ VRFP စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လစဉ်ဖြည့်သွင်းရမည့်ငွေစာရင်းဇယားများစနစ်တကျ ဖြည့်သွင်းထားရှိမှုနှင့်စီမံကိန်းဆိုင်ရာညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါ ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၆၉ဦးကို ငွေကျပ် ၂၉၂ သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၃ဦးကို ငွေကျပ် ၅၁သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၅ဦးကို ငွေကျပ် ၅၉သိန်း၊ စုစုပေါင်းအသင်းသား၊အသင်းသူ ၉၇ဦးအတွက် ငွေကျပ် ၄၀၂သိန်းထိထုတ်ချေးပေးထားကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းကပြောပြ၍ သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်