Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နတ်တလင်းမြို့နယ်၌ လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


15 Aug,2025

နတ်တလင်း ဩဂုတ် ၁၄

      သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပဲခူးတိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် သာယာဝတီခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသန်းမြတ်စိုး၊ နတ်တလင်းမြို့နယ်မှ အငယ်တန်းအင်ဂျင်နီယာ-၁(မြို့ပြ) ဦးရန်အောင်တို့နှင့်အတူ ယမန်နေ့က နတ်တလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် မြသက်တင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် ရွာသာကုန်း-ဇီးပင်ကွင်း-လက်ခုပ်ပင်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးနှင့် QC စစ်ဆေးခြင်းလုပ်ငန်းများ စနစ်တကျစစ်ဆေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်