Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းဆောင်ရွက်နေမှု စစ်ဆေး


18 Aug,2025

မကွေး ဩဂုတ် ၁၇

            မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မကွေး- တောင်တွင်းကြီးလမ်းမှ ကံနှစ်ဆင့် - ညောင်ပင်ကြီး - ငါးဆောင် ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ် ၁၆ ရက်နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းထွန်းဦးနှင့် ဝန်ထမ်းများက ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ မကွေးမြို့ နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်ကိုကိုက ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ လုပ်ငန်းတိုးတက်မှုအခြေ အနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းထွန်းဦးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

             မကွေးမြို့နယ်၌ လမ်းအရှည် ၆ ဖာလုံ၊ အကျယ် ၁၆ ပေ၊ အမြင့် ၆ လက်မရှိ မကွေး-တောင်တွင်းကြီးလမ်းမှ ကံနှစ်ဆင့် - ညောင်ပင်ကြီး - ငါးဆောင်ကျေးရွာချင်း ဆက်လမ်းကျောက်ချောခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေကျပ် ၁၄၂ ဒသမ ၅၀ သန်း အသုံးပြုပြီး မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများက တာဝန်ယူ၍ ယခုနှစ် ဇူလိုင် ၁၈ ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၆၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ အားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ကျေးရွာငါးရွာမှ လူဦးရေ ၅၇၂၁ ဦးတို့၏ သွားလာရေး လွယ်ကူစေမှာဖြစ်ပြီး လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ချိုလေး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်