တာမွေ ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ ဂျီအီးစီပညာရေးဝန်ထမ်းများ သမဝါယမအသင်း လီမိတက်၏ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အဆိုပါ အသင်းရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ဒေါ်ခင်စန်းမြင့်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အသင်း၏ စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြား သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်သီရိမွန်မှ သမဝါယမအသင်းများ ဖွံ့ဖြိုး တိုးတက်စေရန် လုပ်ဆောင်ရမည့်အချက်များနှင့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အသင်းမှ အသင်းသား (၃၆၈) ဦးအား အသင်းသားဝေစု၊ အစုပေါ်အမြတ် ၃၀၈၈၀၀၀ ကျပ်နှင့် လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်