Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မလှိုင်မြို့နယ်၌ မိုးကြိုဝါစိုက်ဧကများအား ကွင်းဆင်းကြည့်ရှုအားပေး


18 Aug,2025

မလှိုင်  ဩဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ မိုးကြိုဝါသီးနှံ စိုက်ပျိုးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဖက်ကုန်းကျေးရွာတွင် ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများကသွားရောက်ကာ မိုးကြိုဝါစိုက်ဧကများ အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးကြိုဝါသီးနှံစိုက်ပျိုးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် ဝင်ငွေတိုးပွား စေရန်အတွက်ရည်ရွယ်၍ မြို့နယ်သမဝါယမဦးစီးဌာနမှ B-31 မျိုးနှင့် သွင်းအားစုများ ပံ့ပိုး ပေးထားသော ဖက်ကုန်းကျေးရွာ၊ ဖက်ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၊ အသင်းသားတောင်သူ (၁၉)ဦး၏ မိုးကြိုဝါ စိုက်ဧက(၃၀)အား မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်လင်းကိုနှင့်ဝန်ထမ်းများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။           

၎င်းမိုးကြိုဝါသည် လက်ရှိအချိန်ထိ (၆)ကြိမ်ခူးဆွတ်ထားပြီး၊ ပျမ်းမျှအထွက်နှုန်းမှာ (၁)ဧကလျှင် (၆၁၀)ပိဿာထွက်ရှိနေပြီး ရာသီကုန်အထိမိုးကြိုဝါ အထွက်နှုန်း(၁)ဧကလျှင် (၇၁၅)ပိဿာခန့် ထွက်ရှိမည်ဟုခန့်မှန်းရပြီး ထွက်ရှိလာသောဝါများကို ပွဲစားများ၏ဈေးနှိမ်ခြင်း မခံရစေရန်နှင့် ဈေးကောင်းရရှိစေရန်အတွက် သမဝါယမဦးစီးဌာနမှ ဝါကြိတ်ခွဲစက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များရှိပါက မလှိုင်မြို့နယ်သမဝါယမ ဦးစီးဌာနသို့ တင်ပြအကူအညီတောင်းခံနိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မလှိုင်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်