Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဝါခူးဆွတ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး


18 Aug,2025

မြစ်သား   ဩဂုတ်  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခု နှစ်၊   မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့်  မြို့နယ်သမဝါယမအသင်းစုပိုင်‌ငွေဖြင့် မိုးကြိုဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊  အလတ်စားယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေ ရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး တစ်ဦးချင်းဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မြိုင်ကုန်း ကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့်အထွေထွေစီးပွားလုပ်ငန်း သမဝါယမအသင်း အသင်းသား တောင်သူများစိုက်ပျိုးထားသော မိုးကြိုဝါစိုက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဝါခူးဆွတ် နေမှုများကို ယမန်နေ့နံနက်ပိုင်းအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မ‌န္တလေးတိုင်း‌ဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသောင်းဌေးက မြိုင်ကုန်းလယ်ယာနှင့်အထွေထွေစီးပွား‌ရေးလုပ်ငန်း သမဝါယမ အသင်း အသင်းသားတောင်သူ ဦးရွှေမန်း၏ ကွင်းအမှတ်( ၅၃၄/င)ရှိ ဦးပိုင်အမှတ်(၂၃/၁)စိုက်ဧက ၁၅.ဧကတွင် ဝါစိုက်ခင်းအောင်မြင်ဖြစ်ထွန်းပြီး ဝါခူးဆွတ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မိမိတို့ သမဝါယမဦးစီးဌာနအနေဖြင့် ဝါပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများပံ့ပိုးပေးခဲ့ပြီး ထွက်ရှိလာသောဝါများ ဈေးကောင်းရရှိရေးအတွက် အဝယ်ဒိုင်များနှင့် ချိတ်ဆက်ဆောင်ရွက် ပေးထားကြောင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ အသင်းသား‌တောင်သူ ဦးရွှေမန်းက မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌ပြီး ဝါခူးဆွတ်မှု အကြိမ်(၉)ကြိမ်ခူးဆွတ်ပြီးချိန်တွင် တစ်ဧကပျမ်းမျှအထွက် နှုန်းပိဿာ(၉၅၀)ထွက်ရှိကြောင်း၊ ထပ်မံခူးဆွတ်ရန်(၂)ကြိမ်ကျန်ရှိခြင်း ကြောင့် ယခုနှစ်ရာသီကုန်ချိန်အထိ တစ်ဧကပျမ်းမျှပိဿာ (၁၀၀၀) ကျော် ထွက်ရှိနိုင်ကြောင်းနှင့် ယခင်နှစ်မိုးကြိုဝါ တစ်ဧက ပျမ်းမျှအထွက်နှုန်း (၉၀၀)ပိဿာထွက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါကြည့်ရှုစစ်ဆေးရာသို့ မ‌န္တလေးတိုင်း‌ဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသောင်းဌေး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများနှင့် ဒေသခံအသင်းသားတောင်သူများ ကြည့်ရှုခဲ့ ကြောင်း သိရသည်။

 

ဝါဝါမြင့် (မြစ်သား)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်