တပ်ကုန်း ဩဂုတ် ၁၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီးပွား)ဦးအောင်ပြည့်စိုးသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ပိုင်းက တပ်ကုန်းမြို့နယ်သမဝါယမအသင်းစုလုပ်ငန်းများ လည်ပတ်မှုမှန်ကန်စေရေး ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား)က အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြို့နယ် သမဝါယမအသင်းစု၏ အသင်းစည်းကမ်းနှင့်အညီဆောင်ရွက်နေသော အသင်းလုပ်ငန်းများ လည်ပတ်မှုမှန်ကန်စေရေး၊ အသင်း၏ စီးပွားရေးလုပ်ငန်းများ အသင်းကိုယ်တိုင်လုပ်ကိုင် ဆောင်ရွက်နိုင်ရေး၊ သမဝါယမအသင်းအချင်းချင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ သမဝါယမပုံရိပ်ထင်ဟပ်ပေါ်လွင်စေရေး၊ လုပ်ကိုင်ဆောင်ရွက်သည့်လုပ်ငန်းများ၏ ရသင့်ရထိုက် သော အကျိုးအမြတ်များ ခေတ်စနစ်နှင့်အညီ လျော်ညီစွာရရှိစေရေး၊ အသင်းသားများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးကို သမဝါယမစနစ်ဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာ ကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား)နှင့်တာဝန်ရှိသူများ မြို့နယ်သမဝါယမ အသင်းစု၏ “လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်းလီမီတက် ဝါကြိတ်စက်၊ ဝါဖိစက် လည်ပတ်နေမှု၊ ရက်ကန်းများ တပ်ဆင်လည်ပတ်နေမှုများ ကြည့်ရှုအားပေးပြီး စက်ရုံကုန်ကြမ်းလို အပ်ချက်များ ပြည့်စုံစေရေး၊ အနီးဝန်းကျင် ဝါစိုက်သမဝါယမအသင်းသားတောင်သူများ မိုးကြိုဝါများ ဈေးကောင်းရရှိစေရေး၊ သမဝါယမအသင်းအချင်းချင်း ချိတ်ဆက်ဝယ်ယူရေး၊ အရည်အသွေး ကောင်းမွန်သော ချည်များရက်လုပ်နိုင်ရေး ဦးတည်ကြိုးပမ်းဆောင်ရွက်ရေး၊ သမဝါယမဦးစီးဌာနမှ စက်လည်ပတ်ရန် အဓိကလိုအပ်ချက်များ သက်ဆိုင်ရာဌာနများ အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ် ဆောင်ရွက်ပေးရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်