လွိုင်ကော် ဩဂုတ် ၁၆
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လွိုင်ကော်မြို့ နဒီလမ်း၌ ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ် ၁၅ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကယားပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသင်းမင်းလတ်နှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ နဒီလမ်း၌ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသင်းမင်းလတ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
အဆိုပါ လွိုင်ကော်မြို့ နဒီလမ်း၌ လမ်းအရှည်ပေ ၂၃၁၀၊ အကျယ် ၁၆ ပေ၊ အမြင့် ခြောက် လက်မရှိ ကျောက်သားလမ်းပေါ်တွင် အမြင့် သုံးလက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၁၈၆ ဒသမ ၁၅၂ သန်းဖြင့် မြင့်မြတ်အောင်စည်ကုမ္ပဏီက ဇွန်လမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ နဒီလမ်း၌ ကတ္တရာခင်းခြင်းလုပ်ငန်းပြီးစီးပါက မြို့ပေါ်ရှိ ဒေသခံပြည်သူများအတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေမည်ဖြစ်ကြောင်း ကယားပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
သန်းလွင်(မကွေး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်