Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ် ပုလဲကုန်း ကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများ ဆဌမအကြိမ် ထုတ်ချေး


19 Aug,2025

စလင်းမြို့နယ် ပုလဲကုန်း ကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများ ဆဌမအကြိမ် ထုတ်ချေး 

 
ငဖဲ ဩဂုတ် ၁၉
 
          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများ ဆဌမအကြိမ် ထုတ်ချေးခြင်းကို ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ပုလဲကုန်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
 
          ရှေးဦးစွာ မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် ပုလဲကုန်းကျေးရွာရှိ လုပ်ကွက်ငယ်တောင်သူများ ၊စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများ လိုအပ်သည့် ငွေကြေးအရင်းအနှီးရရှိစေရန် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 
 
          ဆက်လက်၍ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်က အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ကျေလက်ဥပဒေ၊နည်းဥဒေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်တို့က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။ 
 
          ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက ပုလဲကုန်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း အသင်းသူ/သား ၁၀၃   ဦးထံသို့ ရန်ပုံငွေ ၄၁၁ သိန်း ကို တစ်ဦးချင်း ထုတ်ချေးပေးခဲ့ကြောင်းမင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်ထံမှ သိရသည်။ 
 
ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်