Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မအူပင်မြို့နယ် သမဝါယမအသင်းစုလီမီတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


19 Aug,2025

မအူပင် ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးအား မအူပင်မြို့နယ် သမဝါယမအသင်းစုလီမိတက် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာအစည်းအဝေးစည်းကမ်းများအား မအူပင်မြို့နယ် သမဝါယမအသင်းစုအုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းလွင်မှဖတ်ကြားပြီး တိုင်းသမဝါယမအသင်းစုချုပ် အတွင်းရေးမှူး ဦးမျိုးထွန်းဝင်း နှင့် မအူပင်မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်ဝင်းတို့မှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မအူပင်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန့်စင်မှ အသင်းဥပဒေ၊ နည်းဥပဒေညွှန်ကြားချက်များအား ရှင်းလင်းပြောကြားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့တင်ပြသည့် ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းအား မအူပင်မြို့နယ် သမဝါယမအသင်းစု ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်မှလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့တင်သွင်းသည့် အသင်းသားစာရင်းစစ်အစီရင်ခံစာအား အသင်းစာရင်းစစ်အဖွဲ့ခေါင်းဆောင် ဦးမင်းမင်းစိုးမှ လည်းကောင်း ဖတ်ကြားရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် အသင်းကိုယ်စားလှယ်များ၏ အကြံပြုချက်များအပေါ် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာရေး ရှင်းတမ်း၊ အသင်းစာရင်းစစ်အစီရင်ခံစာများနှင့် ငါးမွေးကန်ထုခွဲရောင်းချမှုအား အသင်းဝင်ကိုယ်စား လှယ်များမှ အတည်ပြုလက်ခံခဲ့ကြသည်။

အဆိုပါ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ တိုင်းသမဝါယမအသင်းစုချုပ် အတွင်းရေးမှူး ဦးမျိုးထွန်းဝင်း၊ မအူပင်မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မအူပင်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်စင်နှင့်ဝန်ထမ်းများ၊ မအူပင်မြို့နယ်အတွင်းရှိ အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

အောင်မြင့်မြတ်

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်