ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
နေပြည်တော် ဩဂုတ် ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တပ်ကုန်းမြို့နယ်၊ ချောင်းခွကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ တပ်ကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်မိုးနိုင်နှင့် စီမံကိန်းဝန်ထမ်းများက ကျေးရွာစီမံကိန်း ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံ၍ ချောင်းခွကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ငွေစာရင်းပုံစံများ စနစ်တကျ ဖြည့်သွင်းထားခြင်း ရှိ/မရှိနှင့် စီမံကိန်းဆိုင်ရာ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြား ပါသည်။
အဆိုပါ ချောင်းခွကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း ၂၀၀ ဖြင့် စတင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ဆဋ္ဌမနှစ် စက်ဝန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၈ ဦး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ၂၃ ဦး၊ စုစုပေါင်း အသင်းသား ၄၁ ဦးကို ငွေကျပ် ၂၈၄ ဒသမ ၅ သိန်းထုတ်ချေးပေးထားကြောင်း ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်