Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လှည်းကူးမြို့နယ် လက်ပန်ကျေးရွာ၌ ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး


19 Aug,2025

လှည်းကူးမြို့နယ် လက်ပန်ကျေးရွာ၌ ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး

‎*********************************

‎လှည်းကူး      ဩဂုတ်      ၁၉

‎‎ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်ရန်ပုံငွေကျပ် ၁၀ ဒသမ ၃၆ သန်းဖြင့် လက်ပန်ကျေးရွာ၌ ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုး နှင့် တာဝန်ရှိသူများသည် ကျေးရွာသောက်သုံးရေရရှိရေး ကော်မတီဝင်များနှင့်အတူ လက်ပန်ကျေးရွာ၌ သောက်သုံးရေကန်အား ခြံစည်းရိုး အရှည် ပေ ၇၄၀ ကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး က ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာ၌ သောက်သုံးရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၀ ဒသမ ၃၆ သန်းဖြင့် ဌာနမှ တာဝန်ယူ၍ ယခုလ ၁၁ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၀ ရာခိုင်နှုန်းခန့် ပြီးးစီးနေပြီ ၏ဖြစ်ကြောင်း လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်