Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မုဒုံမြို့နယ် ကော့ပရံစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ မိုးစပါးစိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှု


19 Aug,2025

မုဒုံ ဩဂုတ် ၁၉

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာရှိ ကော့ပရံစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းမှ အသင်းသားတောင်သူများ၏ လယ်မြေများတွင် မိုးစပါးစိုက်ပျိုးထားမှုအား ပြည်နယ် သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့်အတူ ကွင်းဆင်းအဖွဲ့က မိုးစပါးစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှုခဲ့ပြီး အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့်တွေဆုံခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက အသင်းသားတောင်သူများ မိုးစပါးစိုက်ပျိုးမှုနှင့် ပတ်သက် ၍ ပန်းတိုင်အထွက်နှုန်းရရှိပြီး တောင်သူများဝင်ငွေတိုးပွားရေး၊ စိုက်ခင်းများကို ပိုးမွှားရောဂါမကျ ရောက်စေရေး၊ မြေဩဇာများ အချိန်ကာလအလိုက် စနစ်တကျထည့်သွင်းနိုင်ရေးနှင့် စိုက်ပျိုးစဉ် ကာလအတွင်း လိုအပ်ချက်များအား ဦးစီးဌာနသို့ အချိန်မီတင်ပြနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်