Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့သောင်းမြို့နယ်၌ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်


20 Aug,2025

ကော့သောင်း ဩဂုတ် ၁၉

      တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ချောင်းစလန်း ကျေးရွာနှင့် ၁၅ မိုင်ကျေးရွာ ကျေးရွာချင်းဆက်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ၂၃၈ ဒသမ ၅၄၅ ကျပ်သန်းဖြင့် ချောင်းစလန်း - ၁၅ မိုင်လမ်း (၄/၂.၄၁)မိုင်ရှိသည့်အနက် လမ်းမိုင်(၁/၁-၂/၀.၆) ကြား မူလမြေသားလမ်း(၀/၇.၆)မိုင်အား နှစ်လက်မ-လေးလက်မ ခွဲကျောက်ဖြင့် ခြောက်လက်မဒု၊ ၁၄ ပေအကျယ် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

ကြည့်ရှုစစ်ဆေး

         အဆိုပါ ချောင်းစလန်း - ၁၅ မိုင်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ဇူလိုင်လမှစတင်ဆောင်ရွက်ခဲ့ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာနှင့် တာဝန်ရှိသူများက ဩဂုတ် ၁၇ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရူပါမြင့်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်