မရမ်းကုန်း ဩဂုတ်လ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ခေတ်လိုက်ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဌာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေး အခမ်းအနားကို မနေ့က နေ့လည် ၁၂ နာရီက အမှတ်(၂)ရပ်ကွက်ရှိ သာသနာ့ဝေယျာဝစ္စဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သဘာပတိအသင်းဥက္ကဋ္ဌ ဦးမိုးဇော်အောင်မှအမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မာချိုမှ ဧည့်သည်တော်အဖြစ် အမှာစကားပြော ကြားခဲ့သည်။
ယင်းနောက် အသင်းသား(၁၈၈)ဦးအား ၂၀၂၄-၂၀၂၅ ဘဏ္ဌာရေးနှစ်အတွက် အသင်းသား အကျိုးဝေစု (၃၁၀၀၀၀၀/-)ကျပ် ထုတ်ပေးခဲ့ကြောင်း သိရသည်။
မောင်အေးချမ်း(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်