Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒဂုံမြောက်၌ ဂျီအီးစီ (ပညာရေး) သမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


20 Aug,2025

ဒဂုံမြောက် ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဂျီအီးစီ (ပညာရေး)သမဝါယမအသင်း၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် အသင်းဥက္ကဋ္ဌ ဦးရွှေဘက အသင်း၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၄ - ၂၀၂၅ နှစ် ဘဏ္ဍာရေးရှင်းတမ်းအား ဖတ်ကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော အသင်းသားများအား အသင်းသား အကျိုးဝေစုနှင့် စုဆောင်းငွေအပေါ် အတိုးများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်