Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)သင်တန်းဖွင့်လှစ်ပို့ချ


20 Aug,2025

ကျောက်ဆည်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)သင်တန်းဖွင့်လှစ်ပို့ချ

ကျောက်ဆည် ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာနှစ်ရွာမှ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေး အစီအစဉ်(AVIP)သင်တန်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျောက်ဆည်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရည်ရွယ်ချက်များ၊ စီမံကိန်းလုပ်ငန်းစဉ်များ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာကော်မတီဝင်များအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ပါသည်။

ဆက်လက်၍ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)များ၊ ငွေစာရင်းထိန်းသိမ်းနည်းပုံစံများနှင့်ပတ်သက်သည့် သင်ခန်းစာများကို ဆွေးနွေး ပို့ချကြပါသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)သင်တန်းကို ကျောက်ဆည်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဇလဲကျေးရွာ၊ ရွှေဒါးကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ကျေးရွာအုပ်စု အုပ်စုချုပ်ရေးမှူးများ စုစုပေါင်းသင်တန်းသား  ၁၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်း၊ ငွေစာရင်း ထိန်းသိမ်းနည်း ပုံစံများကို နှစ်ရက်ကြာ  ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

နီလာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်