ကော့မှူးမြို့နယ် အိုးဘိုကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး
*********************************
ကော့မှူး ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသထွက်ကုန်သီးနှံများ ရာသီမရွေး သယ်ယူပို့ဆောင်နိုင်ရန်အတွက် အိုးဘိုကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုကို ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦး၊ ကော့မှူးမြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ် နှင့် တာဝန်ရှိသူများသည် အိုးဘိုကျေးရွာ ကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းအရှည် ၅ ဒသမ ၃ သုည ၃ ဖာလုံ အကျယ် ၁၂ ပေ ဒု ၂ ပေ ၉ လက်မ မြေသားခင်းခြင်းနှင့် ဂဝံကျောက်ခင်းခြင်း၊ အဆိုပါ ကုန်ထုတ်လမ်းပေါ်၌ အလျား ၆ ပေ အနံ ၂၀ ပေ အမြင့် ၆ ပေရှိသော Box Culvert တစ် စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်း တာဝန်ခံအား လုပ်ငန်းများအားလုံး စံချိန်စံညွှန်းအတိုင်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကုန်ထုတ်လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် တိုင်ဒေသကြီးအစိုးရခွင့်ပြုငွေကျပ် ၂၄၄ ဒသမ ၅၅ သန်းဖြင့် ဌာနမှ တာဝန်ယူ၍ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၂၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ပြီး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက အိုးဘိုကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ လယ်ယာဧကများတွင် စိုက်ပျိုးထားသော ဒေသထွက်ကုန် သီးနှံမျိုးစုံကို ရာသီမရွေး စျေးကွက်သို့ သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်