ရမည်းသင်းမြို့နယ် ပုတီးကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ တံတားတည်ဆောက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
ရမည်းသင်း ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရမည်းသင်းမြို့နယ်၊ ပုတီးကုန်းကျေးရွာ၌ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်တံတားတည်ဆောက်ပြီးစီးမှုအခြေအနေများကို ဩဂုတ်လ(၂၁)ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်မြသီတာထွေး၊ ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ပုတီးကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်ပေါ်ရှိ ကုန်ထုတ်တံတားတည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်မြသီတာထွေးက လိုအပ်သည်များဖြည့်စွက်မှာကြားပါသည်။
ပုတီးကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ ကုန်ထုတ်တံတား အရှည် လေးပေ အကျယ်ပေ ၂၀ အမြင့် လေးပေရှိ Slab Culvert တံတား နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၆ ဒသမ ၃၂ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ကာ ဇူလိုင်လ ပထမအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပုတီးကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်တံတားတည်ဆောက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၂၆၀၊ လူဦးရေ ၁၁၅၇ ဦး တို့၏ စိုက်ပျိုးမြေ ၁၈၀၀ ဧကကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေများမှထွက်ရှိသော လယ်ယာထွက်ကုန်နှင့် ကောက်ပဲသီးနှံများအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာ အလွယ်တကူသယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။
ကျော်ဦး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်