ရေဖြူမြို့နယ် မင်းဒပ်ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်နိုင်ရေး အကြိုကွင်းဆင်းစစ်ဆေး
***********************************
ရေဖြူ ဩဂုတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ဒေသထွက်ကုန်သီးနှံများ ရာသီမရွေး သယ်ယူပို့ဆောင်နိုင်ရန်အတွက် မင်းဒပ်ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နိုင်ရေး ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ အကြိုကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဦးအောင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဥယျာဉ်ခြံပိုင်ရှင်များနှင့်အတူ မင်းဒပ်ကျေးရွာ၌ ကုန်ထုတ်လမ်း အရှည် တစ်မိုင် ၄ ဖာလုံအား ဂဝံကျောက်ခင်းခြင်းလုပ်ငန်း လျာထားဆောင်ရွက်နိုင်ရေးအတွက် လက်ရှိလမ်းအူကြောင်းအခြေအနေ၊ မြေနေရာရရှိနိုင်မှုအခြေအနေနှင့် အကျိုးပြုစိုက်ပျိုးရေးဧက အခြေအနေများကို အကြိုကွင်းဆင်း စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက မင်းဒပ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ ရာဘာ၊ ကွမ်း၊ သီဟိုဠ် စိုက်ပျိုးရေးဧက စုစုပေါင်း ၇၀၀ ကျော်ရှိ ဒေသထွက်ကုန်များ ရာသီမရွေး အဆင်ပြေလွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ရေဖြူမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်