Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ်၌ မျိုးစေ့ချစက်ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု


25 Aug,2025

ဘားအံ ဩဂုတ် ၂၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့တရုတ်လှကျေးရွာတွင် တက်သစ်စစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းက အသင်းအချင်းချင်းပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးရေး စီမံကိန်းတွင် စိုက်ပျိုးလျက်ရှိသည့် မျိုးစေ့ချစက်ကိရိယာ(Seeder)ဖြင့် စိုက်ပျိုးနေမှုကို ကရင်ပြည်နယ်၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် အသင်းသားတောင်သူများနှင့်တွေ့ဆုံကာ မိုးစပါးစီမံကိန်း ဆောင်ရွက်ရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မြေဩဇာများ အချိန်ကိုက် အချိုးကျ ထည့်သွင်း နိုင်ရေး၊ ပိုးမွှားရောဂါမရှိစေရေးနှင့် စိုက်ပျိုးသည့် နည်းစနစ်မှန်ကန်စေရေးအတွက် စနစ်တကျ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

ကရင်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်