Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရမည်းသင်းမြို့နယ် ဇီးဖြူကုန်းစံပြကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


22 Aug,2025

ရမည်းသင်းမြို့နယ် ဇီးဖြူကုန်းစံပြကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး

ရမည်းသင်း ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဇီးဖြူကုန်းစံပြကျေးရွာ၌ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်ဘီးလမ်းခင်းခြင်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့် တာဝန်ရှိသူများက ကျေးရွာ ကော်မတီဝင်များနှင့်အတူ ဇီးဖြူကုန်းစံပြကျေးရွာ၌  ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

ဇီးဖြူကုန်းစံပြကျေးရွာ ကျေးတွင်းလမ်း အရှည် ၅၄၈ ပေ အကျယ် အကျယ် ပေ အမြင် ခြောက်လက်မထု နှစ်ဘီးသွားကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို  ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းခွင့်ပြုရန်ပုံငွေကျပ် ၁၇ ဒသမ ၉ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများ စုဖွဲ့ကာ ဩဂုတ်လ ပထမအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ  ၅၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးပါက ကျေးရွာနေပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေသွားမှာဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်