ကျိုက်ထို ဩဂုတ် ၂၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာ၊ စုမြတ်လယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်၏(၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျိုက်ပိကျေးရွာ စုမြတ်လယ်/ထွေအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာစုမြတ်လယ်/ထွေသမအသင်းဥက္ကဋ္ဌ(သဘာပတိ)ဦးသက်နိုင်ထွန် းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှဦးစီးမှူးဒေါ်စုမြတ်မွန်က အသင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စုမြတ်လယ်/ထွေသမအသင်း၏အမှုဆောင်အဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့်အသင်းသားစာရင်းစစ်အဖွဲ့အစီရင်ခံစာများအား သမဝါယမဦးစီးဌာနမှ ဒေါ်အိနှင်းဖြူက ဖတ်ကြားပြီး သဘာပတိဦးသက်နိုင်ဦးက အသင်းသားများထံမှအတည်ပြုချက်ရယူကာ နိဂုံးချုပ်စကား ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်းသိရသည်။
ကျိုက်ထို(ပြန်/ဆက်)
မွန်ပြည်နယ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်