Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒိုက်ဦးမြို့နယ်အတွင်း သမဝါယမအသင်းမှ စပါးစိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှု


25 Aug,2025

ဒိုက်ဦး  ဩဂုတ်  ၂၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပျဉ်းမလွင်ကျေးရွာရှိ ရွှေကျောင်း စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၊ အသင်းသား တောင်သူ(၂၃)ဦး၏ လယ်မြေ များတွင် အောင်နိုင်တိုးမျိုးစပါးဖြင့် စိုက်ပျိုးထားရှိသည့် သမဝါယမမိုးစပါးစီမံကိန်း စိုက်ခင်းသို့ ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူတို့က ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများ မိုးစပါးစိုက်ပျိုးမှုနှင့် ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းရရှိပြီး တောင်သူများ ဝင်ငွေတိုးပွားရေး၊ စိုက်ခင်းများကို ပိုးမွှားရောဂါ မကျရောက်စေရေး မြေဩဇာများ အချိန်ကာလအလိုက် စနစ်တကျ ထည့်သွင်းနိုင်ရေး နှင့် စိုက်ပျိုးစဉ်ကာလအတွင်း လိုအပ်ချက်များကို ဦးစီးဌာနသို့ အချိန်မီတင်ပြနိုင်ရေး မှာကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်အပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်