စဉ့်ကိုင် ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၇၆ ဒသမ ၄၄ သန်းဖြင့် ရသာ-နန်းနီ- အုန်းလက္ကောက် ကျေးရွာချင်းဆက်လမ်း ကျောက်ရောမြေခင်းခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ကြရန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ရသာ-နန်းနီ-အုန်းလက္ကောက် ကျေးရွာချင်းဆက်လမ်း အရှည်ပေ ၁/၅မိုင်၊ အကျယ် ၁၆ ပေ၊ ဒု ရှစ်လက်မကို တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၇၆ ဒသမ ၄၄ သန်းဖြင့် စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းပြီးစီးပါက အကျိုးပြုနိုင်မည့်ကျေးရွာ ငါးရွာမှ အိမ်ခြေ ၇၃၄ အိမ်၊ လူဦးရေ ၃၀၀၁ ဦးတို့၏ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာပြီး လူနေမှုဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်