Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တပ်ကုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာ၌ ဝင်ငွေတိုးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


25 Aug,2025

နေပြည်တော်၊ ဩဂုတ် ၂၅

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဇူလိုင်လ ၂၈ ရက်နေ့မှ ဩဂုတ်လ ၂၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့သော အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာ၌ ကျင်းပသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ ရပ်မိ ရပ်ဖများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) သင်တန်းဆင်းအမှစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး စက်မှုဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက ထူးချွန်သင်တန်းသားများအား လက်သုံးကိရိယာများ ပေးအပ်ချီးမြှင့်ခြင်းခဲ့ပါ သည်။

          အဆိုပါ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းတွင် အင်ဂျင် အခြေခံသဘောတရာများ၊ လောင်စာဆီပို့စနစ်၊ အအေးပေးစနစ်၊ ဝါယာရိန်းစနစ်၊ ပြစ်ချက်ရှာဖွေခြင်း နှင့် ဖြေရှင်းနည်းစသည်တို့ကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်