ရေဖြူ ဩဂုတ် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် ရေဖြူ မြို့နယ်၊ (က)ရပ်ကွက်၊ ဦးပိုင်အမှတ် - ၉၇/၂ ၌ အလင်းရောင်သမဝါယမအသင်းမှ အသင်းသား တောင်သူဦးစိုးဝင်း စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များက မိုးစပါးစိုက်ခင်းများမှ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့နောက် ရေဖြူမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းအိဝင်းက မိုးစပါး စိုက်ခင်းများတွင် မြေဩဇာများ အချိန်ကိုက် အချိုးကျထည့်သွင်းနိုင်ရေး၊ ပိုးမွှားရောဂါကျရောက်မှု မရှိစေရေး၊ စိုက်ပျိုးသည့်နည်းစနစ်မှန်ကန်စေရေး ဂရုစိုက်ဆောင်ရွက်သွားရန်နှင့် အသင်းမှလိုအပ် သည့် သွင်းအားစုများရရှိစေရေးအတွက် မြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက် ပေးကာ ပန်းတိုင်အထွက်နှုန်းရရှိရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်