ပန်းဘဲတန်း ဩဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ "မြစ်နှစ်သွယ်အထွေထွေရောင်းဝယ်ရေး" သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေးကို ပန်းဘဲတန်းမြို့နယ်၊ သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့သည်။
အဆိုပါအခမ်းအနားကို ဥက္ကဋ္ဌ ဦးနေမင်းဦးမှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်အတွင်း အသင်း၏စီးပွါးရေးလုပ်ငန်းများ လုပ်ကိုင်နေပုံကို ရှင်းလင်းပြော ကြားခဲ့သည်။
ဆက်လက်၍ ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်၊ ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းအတွင်းရေးမှူး ဦးမင်းဝေယံဦးမှ ဖတ်ကြားတင်သွင်းပြီး အသင်းသားတစ်ဦးဖြစ်သူ ဦးမျိုးမင်းဇော်က ထောက်ခံအဆိုပြု၍ အသင်းသားများမှ သဘောတူ အတည်ပြုခဲ့ကြသည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘုန်းမြင့်လှိုင်က သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေနှင့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန်လုပ်ဆောင်ရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော အသင်းသားများအား အစုအပေါ်အမြတ်ငွေခွဲဝေ ပေးခဲ့ကြောင်း သိရသည်။
ဖြူဖြူဝင်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်