ကျောက်ဆည် ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန်ပေါများပြီး ဆန်စပါးကို အဓိထားစိုက်ပျိုးလျက်ရှိရာ မိုးသီးနှံရာသီ၌ အခြခံသမဝါယမ အသင်း(၇)သင်းမှ အသင်းသားတောင်သူ(၁၆၂)ဦး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါး (၁၀၃၃)ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးသီးနှံများကို အခြေခံသမဝါယမအသင်းများဖြစ်သည့် တောင်ပလူကျေးရွာမှ အသင်းသားတောင်သူ(၄၆)ဦးက (၂၀၀)ဧက၊ ရဲမအူကျေးရွာမှ အသင်းသားတောင်သူ(၂၄)ဦးမှ (၂၀၀) ဧက၊ ရွှေလေးကျေးရွာမှအသင်းသားတောင်သူ(၁၆)ဦးမှ (၁၀၀)ဧက၊ ပင်တလည်ကျေးရွာမှ အသင်း သားတောင်သူ(၁၇)ဦးမှ (၁၀၀)ဧက၊ ထားဝယ်ကျေးရွာမှအသင်းသားတောင်သူ(၉)ဦးမှ(၁၀၀)ဧက၊ ဇရပ်ဖြူကျေးရွာမှ အသင်းသားတောင်သူ(၆)ဦးမှ(၅၀)ဧက၊ ပုထိုးနီကျေးရွာမှ အသင်းသားတောင်သူ (၄၄)ဦးမှ (၂၈၃)ဧက စုစုပေါင်း (၁၀၃၃)ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနမှ အခြေခံသမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးသီးနှံများ အောင်မြင်စေရေးနှင့် သွင်းအားစုများအခက်အခဲမရှိစေရေး စပါးတစ်ဧကအတွက် ငွေကျပ်(၂)သိန်းနှုန်းနှင့် ညီမျှသောသွင်းအားစုများကို နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ထောက်ပံ့ပေး ခဲ့ကြောင်းနှင့် ထွက်ရှိလာသည့်စပါးများ ရောင်းချရာ၌ အလွယ်တကူရောင်းချနိုင်ရေးနှင့် အကျိုး အမြတ်ရရှိရေး ဝယ်ယူကြိတ်ခွဲရေးအဖွဲ့များ ဖွဲ့စည်းထားပြီး သတ်မှတ်ကာလပေါက်ဈေးဖြင့် ဝယ်ယူသွားမည်ဖြစ်သဖြင့် မိုးစပါးစိုက် အခြေခံသမဝါယမ အသင်းသားများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်