ပင်လောင်း ဩဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် GEC (ပညာရေး) သမဝါယမအသင်းလီမီတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်း အဝေးကို ပင်လောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိသည်။
အခမ်းအနားတွင် GEC (ပညာရေး) သမဝါယမအသင်းလီမီတက်ဥက္ကဋ္ဌ၊ သဘာပတိ မြို့နယ်ပညာရေးမှူး ဦးတင်ငွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှမြင့်နှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးစိုင်းနော်ခမ်းတို့က သမဝါယမဆိုင်ရာလုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ အသင်းလီမိတက် အတွင်းရေးမှူး ဒေါ်နော်ခင်ခင်နိုင်က အသင်း၏ ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးဉာဏ်လှိုင်ဝင်း က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှု စာရင်းကိုလည်းကောင်း၊ အသင်းသားစာရင်းစစ်ခေါင်းဆောင် ဦးအောင်စိုးက အသင်းသားစာရင်းစစ် အစီရင်ခံစာကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ဖြေဆိုအောင်မြင်ခဲ့သော အသင်းသား၊ အသင်းသူများ၏ မိသားစုဝင် သား၊ သမီးများအား GEC(ပညာရေး) သမဝါယမအသင်းလီမီတက် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်