သနပ်ပင်မြို့နယ် ဖရဲစံပြကျေးရွာ၌ ကျေးရွာတွင်း ဂဝံခင်းခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး
သနပ်ပင်၊ ဩဂုတ်လ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖရဲကျေးရွာအုပ်စု၊ ဖရဲစံပြကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့်ကျေးရွာတွင်း ကန်ညီနောင်လမ်းဂဝံခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ၊ ဖရဲစံပြကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၊ ကျေးရွာနေပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့်ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းကန်ညီနောင်လမ်း ဂဝံခင်းခြင်းလုပ်ငန်းဆောင် ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းက လမ်းရေရှည်တည်တံ့ခိုင်မြဲစေရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြား သည်။
ဖရဲကျေးရွာအုပ်စု၊ဖရဲစံပြကျေးရွာ၌ အရှည် ၈၆၃ပေ၊အကျယ် ၁၂ပေ၊အမြင့် ၆ လက်မအတိုင်းအတာရှိ ကျေးရွာတွင်း ကန်ညီနောင်လမ်းဂဝံခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေများအနက်ငွေကျပ် ၉၄သိန်းအသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများကအနီးကပ်ကြီးကြပ်၍ ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်ယခုနှစ်မေလ ဒုတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်းကန်ညီနောင်လမ်းဂဝံခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက် ဖရဲကျေးရွာရှိ အိမ်ခြေ ၅၂၂၊ လူဦးရေ၂၅၇၈ဦးတို့ ရာသီမရွေးသွားလာရလွယ်ကူလာမည်ဖြစ်ပြီးကျန်းမာရေး၊ လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင်လည်းအကျိုးပြုသွားမည်ဖြစ်ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက ပြောပြ၍ သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်