Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ် ပြရေ-ပုထိုးကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတား၏ချဉ်းကပ်လမ်း မြေထိန်းနံရံတည်ဆောက်နေမှု စစ်ဆေး


27 Aug,2025

သရက်မြို့နယ် ပြရေ-ပုထိုးကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတား၏ချဉ်းကပ်လမ်း မြေထိန်းနံရံတည်ဆောက်နေမှု စစ်ဆေး

သရက် ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ပြရေ-ပုထိုးကျေးရွာချင်းဆက် လမ်းပေါ်ရှိ ကွန်ကရစ်တံတား၏ချဉ်းကပ်လမ်း မြေထိန်းနံရံတည်ဆောက်နေမှုအခြေအနေများကို ဩဂုတ် ၂၆ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်၊ သရက်မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်မေမီမီမင်းမြတ်နှင့် တာဝန်ရှိသူများက ပြရေ-ပုထိုးကျေးရွာချင်းဆက်လမ်းပေါ်ရှိ ပေ ၆၀ ကွန်ကရစ်တံတား၏ချဉ်းကပ်လမ်း မြေထိန်းနံရံ ပေ ၂၅၀ (၁)စင်းတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး လိုအပ်သည်များမှာကြားခဲ့သည်။

အဆိုပါ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းကို  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၁၁၇ ဒသမ ၅သန်းအသုံးပြုကာ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ၍ ယခုနှစ်  ဇွန်လ ၂၆ရက်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၄၅ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သရက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာထံမှ သိရသည်။

 

ဆက်လူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်