Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းပိုင်အဆောက်အဦများနှင့် အသင်းဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး


27 Aug,2025

နေပြည်တော်  ဩဂုတ် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ရန်အောင်ရောင်းဝယ်သမဝါယမအသင်းပိုင် အဆောက်ဦအားပြုပြင်၍ ဧည့်ရိပ်သာဖွင့်လှစ်ရန် ပြင်ဆင်တည်ဆောက်နေမှုများ၊ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ပြည်သူပိုင်သိမ်း(ပဆ-၈၈၅၅)နှင့် (ပဆ-၈၈၇၇) အဆောက်ဦများ၊ မေတ္တာမွန်ရောင်းဝယ် ရေးသမဝါယမအသင်းပိုင်မြေနေရာနှင့် အရောင်းဆိုင်များနှင့် မိန်းစက်မှုလက်မှုသမဝါယမအသင်း၏ ဘက္ထရီအိုး ထုတ်လုပ်ရောင်းချနေမှုများကို နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်နှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှု့စစ်ဆေးစဉ် မြို့နယ်ဦးစီးအရာရှိနှင့် အသင်းအမှုဆောင်များက အသင်းပိုင်အဆောက်အဦများ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့မှုအခြေအေနေများ၊ အသင်း၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူးက အသင်းပိုင်မြေများအား အသင်းအမည်ပေါက်ဂရန်များရရှိရေး၊ အထောက်အထားများ ခိုင်ခိုင်မာမာရှိစေရေး၊ ငလျင်ကြောင့်ထိခိုက်မှုများအား အမြန်ဆုံးပြန်လည်ပြုပြင်၍ လုပ်ငန်းအမြန်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပြိုကျပျက်စီးခဲ့သည့်အသင်းပိုင်မြေနေရာများတွင် ကျူးကျော်မှုနေထိုင်မှုမရှိစေရေး၊ ဆက်လက်ဆောင်ရွက်မည့် အသင်း၏စီးပွားရေးလုပ်ငန်းအစီအစဉ်များအား မြို့နယ်ဦးစီးဌာနနှင့်အသင်း ပူးပေါင်းဆောင်ရွက်ကြရန် ဖြည့်စွက် မှာကြားခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်