ဇလွန် သြဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် တောင်ဧရာရောင်းဝယ်ရေး သမဝါယမ အသင်း၏(၂၀၂၄-၂၀၂၅)ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမ အသင်းစု၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဇလွန်မြို့နယ် တောင်ဧရာရောင်းဝယ်ရေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးသန်းဖေ နှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဥ်စိုးအေးတို့က အမှာစကားများပြောကြားခဲ့ပြီး ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆာင်ရွက်မှုအစီရင်ခံစာနှင့် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးရှင်းတမ်းများအား ဒါရိုက်တာအဖွဲ့ဝင်များက ဖတ်ကြားရှင်းလင်း၍ ရှင်းလင်းချက်များအပေါ် အသင်းသား၊ အသင်းသူများ က ပြန်လည်ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းသားများထံမှ လက်ခံအတည်ပြုချက်ရယူကြရာ တက်ရောက်လာသည့် အသင်းသားများက အတည်ပြုလက်ခံခဲ့ကြသည်။ အဆိုပါ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် အသင်းသား များအား ရင်းနှီးငွေအပေါ် အကျိုးအမြတ်များ ပြန်လည်ထုတ်ပေး၍ စားသုံးဆီများ လက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်