Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ငူမြို့နယ်၌ သမဝါယမမိုးစပါးစီမံကိန်း စိုက်ပျိုးထားမှု အခြေအနေအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်


27 Aug,2025

တောင်ငူ သြဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ သမဝါယမကဏ္ဍမှ မိုးစပါးစီမံကိန်းဆောင်ရွက်သည့် အသင်းသားများ၏ အောင်နိုင်တိုးမျိုးစပါးစိုက်ခင်း များတွင် သွင်းအားစုများထည့်သွင်းနေမှုကို ပဲချက်ကုန်းကျေးရွာ၊ တောင်သူ ဦးညွန့်အောင်၏ စိုက်ခင်း၌ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းကြီးကြပ်ရာတွင် တောင်ငူမြို့နယ်သမဝါယဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နော်ဂျုံစီဒေးဗစ်နှင့် ဝန်ထမ်းများက ပဲချက်ကုန်းကျေးရွာ၊ ပဲချက်ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်း၊ အသင်းသားတောင်သူ(၁၆၂)ဦး အနက်မှ တောင်သူ ဦးညွန့်အောင်၏ လယ်ယာမြေတွင်(Seeder)ဖြင့် စိုက်ပျိုးထားသော အောင်နိုင်တိုးစပါးစိုက်ခင်း၌ သွင်းအားစုထည့်သွင်း နေမှုအခြေအနေကို ကွင်းဆင်းကြီးကြပ်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဆောင်ရွက်ပေးသည်။

ထို့နောက် တောင်ငူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် သမဝါယမကဏ္ဍမှ မိုးစပါးစီမံကိန်းဆောင်ရွက်သည့် ကျေးရွာ (၃)ရွာ၊ အသင်း (၃)သင်း၊ အသင်းဝင် (၂၆၃)ဦး၏ စိုက်ဧက(၂၀၀၀)အတွက် တစ်ဧကလျှင် ကျပ် ၂၅၀၀၀၀ နှုန်းနှင့် ညီမျှသော အောင်နိုင်တိုးအထွက် တိုးစပါးမျိုးနှင့် သွင်းအားစုများကို ပံ့ပိုးဆောင်ရွက်ပေးထားကြောင်းနှင့် အဆိုပါစပါးမျိုးသည် အသက်လျင်ခြင်း၊ အထွက်ကောင်းခြင်းနှင့် ဆန်သားကြည်လင်ခြင်း၊ စားသုံးသည့်အခါ အရသာ ကောင်းမွန်ခြင်း၊ ဂုတ်ကျိုးရောဂါနှင့် ဖြုတ်ညိုပိုးဒဏ်အသင့်အတင့်ခံနိုင်ရည်ရှိပြီး ဆည်ရေသောက်၊ မိုးရေသောက်ဒေသများတွင် စိုက်ပျိုးနိုင်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

 

ခရိုင် (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်