ပဲခူး ဩဂုတ် ၂၅
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှအင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ဩဂုတ် ၂၅ ရက်က ပဲခူးတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)၊ ပဲခူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် တာဝန်ရှိသူများနှင့်အတူ ပဲခူးခရိုင်အတွင်းရှိ ကျေးလက်လမ်း/ တံတားလုပ်ငန်းများ၏အခြေအနေကို ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်အတွင်း ရေတိုက်စားမှုကြောင့် မျောပါသွားသော ဖအောင်ဝဲ-သုံးခွယမ်းပေါ်ရှိ ပေ ၃၀ အရှည် အုတ်ခုံခံကွန်ကရစ် တံတားကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ထို့နောက် အင်ဂျင်နီယာချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်အတွင်းရှိ အပိုင်း-ခုံတိုင်းလမ်း
Twin Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ (အောက်ပုံ)
သက်ထက်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်