ကျောက်တံခါး ဩဂုတ် ၂၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)၊ တာဝန်ရှိသူများနှင့်အတူ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးလက်လမ်း/တံတား လုပ်ငန်းများ၏ အခြေအနေအား ကွင်းဆင်းစစ်ဆေးသည်။
ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့်အဖွဲ့သည် ကျောက်တံခါးမြို့နယ်အတွင်း၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တောကျွဲအင်း-တူမောင်လမ်းပေါ်ရှိ ကွန်ကရစ်တံတား ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် သီရိပွင့်စံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ဂဝံရောမြေခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါ လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အင်ဂျင်နီယာချုပ် ဦးထွန်းဝေက ချဉ်းကပ်လမ်းများဆောင်ရွက်ရာတွင် သိပ်သည်းမှုရှိအောင် ဆောင်ရွက်ရန်နှင့် လုပ်ငန်း တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည့်လမ်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေး တွန်းအားပေးဆောင်ရွက်ရန် တာဝန်ရှိသူများအပေါ် အကြံပြုမှာကြားကြောင်း သိရသည်။
(၄ဝ၁)၊ တင်စိုး(ပဲခူး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်