နတ်တလင်း ဩဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန သာယာဝတီခရိုင်မှ လက်ထောက်ညွှန်ကြား ရေးမှူး (မြို့ပြ) ဦးသန်းမြတ်စိုး၊ အငယ်တန်းအင်ဂျင်နီယာ-၁ (မြို့ပြ) ဦးရန်အောင်တို့က ရွှေရတီအောင်ကုမ္ပဏီက ဆောင်ရွက်လျက်ရှိသည့် ကျွန်းကလေး-ဘွတ်တော- ရင်းတိုက်စမ်း-ညောင်ဝိုင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးနှင့် QC စစ်ဆေးခြင်းလုပ်ငန်းများကို စနစ်တကျစစ်ဆေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်