မြောင်းမြမြို့နယ် မရမ်းချောင်းကျေးရွာ၌ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး
*********************************
မြောင်းမြ ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက မုဆိုးကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် တနိုင်တပိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းစိုး နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ မရမ်းချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းထောက်ပံ့ငွေ များဖြင့် တနိုင်တပိုင် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေများနှင့် စီမံကိန်းဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက စီမံကိန်းအသင်းဝင်ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၌ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့နယ်၊ မရမ်းချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၇-၂၀၁၈ ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၃ ဦးအား ငွေကျပ် ၂၅ ဒသမ ၉ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၁ ဦးအား ငွေကျပ် ၁၃ ဒသမ ၁ သန်း၊ စုစုပေါင်းစီမံကိန်းအသင်းဝင် ၆၄ ဦးအား ငွေကျပ် ၃၉ သန်းကို အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးနိုင်ခဲ့သည့်အတွက် အဆိုပါချေးငွေများဖြင့် တနိုင်တပိုင် စီးပွားရေးလုပ်ငန်းများ အဆင်ပြေစွာ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်