Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်ပွဲကျင်းပ


28 Aug,2025

နေပြည်တော်၊ ဩဂုတ် ၂၈

        သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၄)ဖြင့် “ဒီဂျစ်တယ် အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်း”ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနခန်းမ၌ကျင်းပရာ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် လုပ်ငန်းရှင် ၂၀ ဦး တက်ရောက်သည်။

         ဦးစွာ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက အဖွင့် အမှာစကားပြောကြားပြီး ကျွမ်းကျင်သူပြင်ပနည်းပြမှ ဒစ်ဂျစ်တယ်နည်းပညာ သိမြင်နားလည် တတ်မြောက်ခြင်းနှင့် မိမိလုပ်ငန်းများ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ် နည်းပညာ(Digital Technology)၊ Digital Toolsများအကြောင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Transformation)နှင့် နည်းပညာပြောင်းလဲမှုများအပေါ် ပြန်လည်သုံးသပ်ခြင်း၊ MSMEsလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းများ၊  စားသုံးသူရေးရာဦးစီးဌာနမှ  Online စနစ်ဖြင့် ရောင်းချရာတွင် မှတ်ပုံတင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဌာနမှ Micro လုပ်ငန်းများအတွက် Online  Registration ဆိုင်ရာ နည်းလမ်းများအား ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးသင်ကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်