Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇလွန်မြို့နယ် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ


01 Sep,2025

ဇလွန်  စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်း၏ (၂၀၂၄ - ၂၀၂၅) ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို အ.ထ.က (၁) ဇလွန်အမျိုးသားဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ဂျီအီးစီ(ပညာရေး) သမဝါယမအသင်းဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဥ်စိုးအေးတို့က အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်း​ဆာင်ရွက်မှု အစီရင်ခံစာနှင့် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးရှင်းတမ်းများအား ဒါရိုက်တာအဖွဲ့ဝင်များက ဖတ်ကြားရှင်းလင်းပြီး ရှင်းလင်းချက်များ အပေါ် အသင်းသားများက ပြန်လည်ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်​​ဖြေကြားဆွေးနွေး ခဲ့ကြသည်။

ယင်း​နောက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းသားများထံမှ လက်ခံအတည်ပြုချက် ရယူကြရာ တက်ရောက်လာသည့် အသင်းသားများက အတည်ပြုလက်ခံခဲ့ကြသည်။

အဆိုပါ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် အသင်းသား (၉၅၆) ဦးအတွက် အစုပေါ်အမြတ်​ငွေ (၁၀.၀) သိန်း၊ ရင်းနှီးငွေအပေါ် အကျိုးအမြတ် (၉၅.၁၆) သိနိး၊ ထည်ဝင်​​​ငွေပေါ် အကျိုးအမြတ် (၅၄.၂၆)သိန်း၊ စုစုပေါင်း (၁၅၉.၄၂) သိန်းကို ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်