ဖျာပုံမြို့နယ် ဆိပ်မအနောက်ကျေးရွာ ၌ ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး
ဖျာပုံ၊ စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ခုဘဏ္ဍာရေးနှစ်တွင် ဖျာပုံမြို့နယ်၊ ဆိပ်မကျေးရွာအုပ်စု၊ဆိပ်မအနောက်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်နှင့် (VDP) စီမံကိန်းတာဝန်ခံဝန်ထမ်းများက ၂၀၂၅- ၂၀၂၆ခုဘဏ္ဍာနှစ်တွင် ကျေး ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ် ၁၅သန်းနှင့် ကျေးရွာနေပြည်သူလူထုထည့်ဝင်ငွေကျပ် ၃သန်း၊ စုစုပေါင်းငွေကျပ် ၁၈သန်းဖြင့် ဆိပ်မအနောက်ကျေးရွာတွင်အရှည် ၄၆၀ပေ၊အကျယ် ၃ပေ၆လက်မ၊အမြင့်ခြောက် လက်မထု အတိုင်းအတာရှိ ကျေးရွာတွင်းကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုများဖြင့်ကျေးရွာနေပြည်သူလူထုကိုယ်တိုင် ဇူလိုင်လ တတိယပတ်မှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်က လုပ်ငန်းများသတ်မှတ်ရက်အတွင်းအချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပါက ဆိပ်မအနောက်ကျေးရွာရှိ အိမ်ခြေ ၂၁၅အိမ်၊ လူဦးရေ ၁၁၃၈ဦးတို့ ရာသီမရွေးသွားလာရလွယ်ကူလာမည်ဖြစ်ပြီးလူမှုရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများတွင်လည်း အကျိုးပြုသွားမည်ဖြစ်ကြောင်း ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်က ပြောပြ၍ သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်