ရပ်စောက် စက်တင်ဘာ ၂
ရပ်စောက်မြို့နယ် ဂျီအီးစီ(ပညာရေးဝန်ထမ်းများ)သမဝါယမအသင်းလီမိတတ်၏ ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအား ရပ်စောက်မြို့နယ် ကျောက်စိမ်းခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဂျီအီးစီ (ပညာရေးဝန်ထမ်းများ) သမဝါယမအသင်းလီမိတတ်၏ဥက္ကဋ္ဌ ဒေါ်အေးအေးဝင်းမှ သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရပ်စောက်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်က သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မြို့နယ်အတွင်းရှိ သမဝါယမအသင်းများ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူးကိုယ်စား ဒုမြို့နယ်ပညာရေးမှူးမှ အမှာစကားပြောကြားသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ ရှေ့လုပ်ငန်းစဉ်နှင့် ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်းများ အသင်းစာရင်း စစ်အစီရင်ခံစာ များအား ဖတ်ကြားတင်သွင်း၍ သဘာပတိမှ အတည်ပြုချက်ရယူခဲ့ပြီး တက်ရောက်လာသည့် အသင်းသားများအား အစည်းအဝေးစရိတ် တစ်ဦးလျှင် (၂၁,၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ ပေးအပ်ကာ အသင်းသားများ၏ သား/သမီးများထဲမှ ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တက္ကသိုလ်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူ၊ ရိုးရိုးအောင်မြင်သူ၊ လူရည်ချွန် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်