Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းဆတ်မြို့နယ် ပညာရေး(ဂျီအီးစီ) သမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


02 Sep,2025

မိုင်းဆတ်  စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် ပညာရေး(ဂျီအီးစီ) သမဝါယမ အသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်၊  မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာခင်နှင့် အသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မလွင်တို့က အဖွင့်အမှာစကားပြောကြားပြီး စာရင်းစစ်အဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးရှင်းတမ်းနှင့် နှစ်ချုပ်အစီရင်ခံစာအား  ဒေါ်သူဇာဝင်းက ဖတ်ကြားကာ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များအား ဒေါ်ဝါဝါဇော်က ဖတ်ကြားသည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်း၊ နှစ်ချုပ်အစီရင်ခံစာနှင့် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာပါ ရှေ့လုပ်ငန်းစဉ်များကို အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် အတည်ပြုချက် ရယူခြင်းတို့ဆောင်ရွက်ပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ ပညာရေး(ဂျီအီးစီ) သမဝါယမအသင်းလီမိတက်ကို ၁၉၉၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းသား၊ အသင်းသူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွား ဘဝတိုးတက်ရေးအတွက် အကျိုးရှိစေကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်