Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကလောမြို့နယ်၌ ဂျီအီးစီ(ပညာရေး)နှင့် မြတ်ပညာငွေစုငွေချေး သမဝါယမအသင်း (လီမိတက်)၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ


02 Sep,2025

ကလော  စက်တင်ဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဂျီအီးစီ(ပညာရေး)နှင့် မြတ်ပညာငွေစုငွေ ချေးသမဝါယမအသင်း(လီမိတက်) ၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး‌ကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တေဇခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဂျီအီးစီ(ပညာရေး)နှင့် မြတ်ပညာငွေစုငွေချေးသမဝါယမအသင်း (လီမိတက်) သဘာပတိက အဖွင့်အမှာစကား‌ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိကိုယ်စား ဦးစီးမှူး ဒေါ်ညိမ်းညိမ်းအိက အသင်း၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးခင်ထွန်းက သမဝါယမဥပ​​​​‌ဒေ၊ နည်းဥပ​ဒေများဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဂျီအီးစီ(ပညာရေး)နှင့် မြတ်ပညာငွေစုငွေချေးသမဝါယမအသင်း(လီမိတက်) ၏ ၂၀၂၄ -၂၀၂၅ ခုနှစ်အတွက် တာဝန်ရှိသူများက အမှုဆောင်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် အသင်းစာရင်းစစ်အစီရင်ခံစာများ ဖတ်ကြား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် သဘာပတိကအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး စာရင်းရှင်းတမ်း၊ အသင်း၏ရှေ့လုပ်ငန်းစဉ်များ၊ အသင်းအမှု‌ဆောင်၏ တင်ပြမှုအမှာစာများကို အသင်းဝင် ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထားရယူ၍ အတည်ပြုကြေငြာခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်