ထားဝယ်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဖွင့်ပွဲကျင်းပ
*******************************
ထားဝယ် စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက် အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်လွင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး တနင်္သာရီတိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဒီပါထွန်းက ကျေးလက်နေအမျိုး သမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ အသိပညာပေး ပြောကြားသည်။
ဆက်လက်၍ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သာသာရည်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားသည်။
အဆိုပါသင်တန်းတွင် စက်ချုပ်ခြင်းဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို သင်ထောက်ကူပစ္စည်းစုံလင် စွာဖြင့် စက်တင်ဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၅ ရက်နေ့အထိ တစ်လခွဲကြာ စာတွေ့လက်တွေ့ အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ပုလုကုန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်