Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြံခင်းမြို့နယ်တွင် ရေဆင်း-၂ မြေပဲစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု


03 Sep,2025

ကြံခင်း စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာအုပ်စု တွင် ကြံခင်းမြို့နယ်သမဝါယမဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ရေဆင်း-၂ မြေပဲ စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ရှေ့ဦးစွာ သောကြာဒူးကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများ၊ ကြံခင်းမြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာတို့နှင့်အတူ ဆီထွက်သီးနှံမြေပဲစိုက်ပျိုးတောင်သူများအားတွေ့ဆုံ၍ ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်းက ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဆောင်းမြေပဲအား သမဦးစီးဌာန အနေဖြင့်  လျာထားဧက ၇၀၀၀၀ ကျော်စိုက်ပျိုးသွားမည်ဖြစ်သဖြင့် မြေပြင်ကွင်းဆင်း ကြည့်ရှုခြင်း ဖြစ်ကြောင်း၊ ကျေးလက်နေ မိသားစုတစ်စုချင်းစီ၏ ဝင်ငွေတိုးပွားရေး၊ မိုးသီးနှံအပြီး ဆောင်းသီးနှံ၊ နွေသီးနှံသီးထပ် (၃) သီး စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးရေးအတွက် ကြိုးပမ်းဆောင်ရွက် ခြင်းဖြင့် ဒေသအတွင်း စားရေရိက္ခာဖူးလုံလာမည်အပြင် တောင်သူများ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိစိုက်ပျိုး နေသော မိုးမြေပဲ၊ မိုးစပါးမျိုးများအပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် မျိုးများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ ရေမြေသဘာဝကောင်းမွန်သောကြောင့် ဒေသဖြစ်တဲ့ အတွက် ပဲပုတ်စိုက်ပျိုးခြင်းဖြင့် တောင်သူများအဆင်ပြေစေရန် စိုက်ပျိုးစေလိုကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာက သောကြာဒူးကျေးရွာတွင် သမဝါယမဦးစီးအနေဖြင့်ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအားရှင်းလင်းတင်ပြပြီး တောင်သူ ဦးသန်းနိုင်နှင့် ဦးသန်းထွန်းဦးက ​မြေပဲစိုက်ပျိုးထားရှိမှုနှင့် မျိုးမြေပဲ မျိုးကောင်းမျိုးသန့်များ ကိုထောက်ပံ့ ကူညီပေးစေလိုပါကြောင်း၊ ပဲပုတ်ကိုလည်း ယခုနှစ်မှစ၍ စမ်းသပ်စိုက်ပျိုးသွားမည် ​ဖြစ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ သောကြာဒူးကျေးရွာရှိ ပြည်သူ့အားမာန် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ ရေဆင်း-၂ မြေပဲစိုက်ပျိုးထားရှိမှုအား တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များပေါင်းစပ်ပေးခဲ့သည်။

ဆက်လက်ပြီး ကွင်းကြီးကျေးရွာအုပ်စုရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုး ထားရှိသည့် ကွင်းအမှတ် ၁၅၁ တောင်သူ ဦးအောင်ဇော်မျိုး၏ လယ် (၄) ဧကတွင် အထွက်တိုးစပါး GW-11 စိုက်ပျိုးထားမှုများအားကြည့်ရှုပြီး တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း

ကြံခင်း (ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်